Myanmar hosts Asian heavyweights Japan in the second match of their 2022 FIFA World Cup Qualifiers campaign at the Thuwunna Stadium in Yangon tonight. Live link below…
မြန်မာ သာမက ကမ္ဘာက စောင့်ကြည့်နေသည့် Japanese Messi (Kubo)
မြန်မာအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားဖို့အတွက် နာမည်ကြီးဂျပန်အသင်းကတော့ ရောက်ရှိလို့ နေခဲ့ပါပြီ။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲအတွက် မြန်မာအသင်းဟာ ဂျပန်နဲ့ တစ်အုပ်စုတည်းကျရောက်နေခဲ့ပြီး မြန်မာနဲ့ရင်ဆိုင်ရမယ့် လူစာရင်းမှာ ဥရောပအခြေစိုက် ကစားသမားတွေ ပါဝင်လာခဲ့တာကို တွေ့ရမှာပါ။ ဒီအတွက် မြန်မာပရိသတ်တွေဆီက စိတ်လှုပ်ရှားနေတဲ့ အသံတွေကို ကြားသိမြင်တွေ့နေရပါတယ်။ အထူးသဖြင့်တော့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီး (လက်ရှိ မာယော့ကာမှာ အငှားနဲ့ကစား) ဂျပန်မက်ဆီလို့ နာမည် ကျော်ကြားနေတဲ့ ကူဘိုရဲ့ ကစားဟန်ကို ကြည့်ရှုခွင့်ရဖို့ စိတ်အားထက်သန်နေကြပါတယ်။
Current Standings
မြန်မာနှင့် ဂျပန် ပွဲအကြို သုံးသပ်ချက်
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ဒီပွဲက မြန်မာအသင်းအတွက် အရှုံးထဲကနေ အမြတ်ယူဖို့၊ အတွေ့အကြုံနဲ့ ပညာကို ရအောင်ယူနိုင်ဖို့ပဲမျှော်လင့်ရမှာဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ မွန်ဂိုလီးယားနဲ့ အဝေးကွင်းပွဲကို အရေးနိမ့်ခဲ့တာကလည်း မြန်မာအသင်းအပေါ် ပရိသတ်ရဲ့ စိတ်ဝင်စားမှုက လျော့ကျစေခဲ့ပြီး ပြိုင်ဘက်ဂျပန်အပေါ် ပိုပြီးစိတ်ဝင်စားမှုမြင့်တက်သွားစေခဲ့ပါတယ်။ ဂျပန်က မြန်မာနဲ့ပွဲမတိုင်ခင်မှာ ပါရာဂွေးကို ခြေစွမ်းပွဲမှာ၂ဂိုးပြတ်နဲ့ အနိုင်ကစားပြီး မြန်မာ့မြေပေါ်ကို ရောက်လာခဲ့တာကြောင့်လည်း မြန်မာအသင်းအတွက်တော့ ပိုပြိးတော့ ထိတ်လန့်စရာဖြစ်စေခဲ့ရပါတယ်။
အသင်းလိုက်ကစားအား၊ တစ်ဦးချင်းစွမ်းရည်၊ နည်းစနစ်၊ ကြံ့ခိုင်မှုနဲ့ အခြေခံဘောလုံးပညာပြည့်ဝမှုအစရှိတဲ့ အချက်တိုင်းမှာ မြန်မာနဲ့ ဂျပန်က ကွာဟချက်တွေ တော်တော်လေးကြီးမားနေပါတယ်။ အာရှအဆင့်ကနေ ကမ္ဘာ့အဆင့်ကိုပါ တက်လှမ်းနေပြီဖြစ်တဲ့ ဂျပန်က လူငယ် သွေးသစ်တွေကို အဆက်မပြတ်ဖော်ထုတ်ပေးနေပြီး ဒီခြေစစ်ပွဲတွေမှာလည်း ၀ါရင့်ကစားသမားတချို့ကိုသာ ခေါ်ဆောင်လာခဲ့တာပါ။
ဆာကိုင်၊ တိုမီယာဆု၊ ယိုရှီဒါ၊ နာဂါတိုမို၊ တာကူမီ၊ နာကာဂျီမာ၊ အိုဆာကို၊ ရစ်ဆုဒိုအန်တို့လို ကြယ်ပွင့်တွေရှီနေပြီး ကူဘို၊ အီတို၊ ဟာရာဂူချီ တို့လို ကစားသမားကောင်းတွေလည်း ပါဝင်လာမှာဖြစ်လို့ ဂျပန်အသင်းကို အိမ်ရှင်မြန်မာပရိသတ်တွေက အိမ်ရှင်အသင်းအပေါ် စိတ်ဝင်စားမှုထက် ပိုပြီးစိတ်ဝင်စားနေကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲက မြန်မာအသင်းအတွက် အရှုံးထဲကအမြတ်ထုတ်နိုင်ဖို့ကိုပဲ ဦးစားပေးရမှာပါ။ ဂျပန်အသင်းရဲ့ နည်းစနစ်၊ ကာယပိုင်း၊ ဗျူဟာပိုင်းနဲ့ တစ်ဦးချင်းခြေစွမ်းတွေကို လေ့လာအကဲခတ်ပြီး မိမိခြေစွမ်း၊ မိမိအသင်းလိုက်ကစားပုံတိုးတက်လာအောင် ပြုပြင်ယူရမှာမို့လည်းအဖိုးတန်တဲ့ ပွဲတစ်ပွဲလို့လည်း ပြောလို့ရပါတယ်။ ခြေစမ်းပွဲဆိုတဲ့အနေအထားထက်ပိုတဲ့ ပြိုင်ပွဲအသွင်ပွဲဖြစ်လို့လည်း ဂျပန်က သူတို့ရဲ့ ခြေစွမ်းကို မခြွင်းမချန်အသုံးပြုမယ်လို့လည်း မျှော်လင့်ရပါတယ်။
မြန်မာပရိသတ်တွေကတော့ မြန်မာအသင်းပွဲစဉ်ရှိတဲ့အချိန်တိုင်းမှာ စိတ်ဝင်စားကြစမြဲပါ။ ကိုယ့်အသင်းကို အနိုင်ရစေချင်တဲ့စိတ်ကတော့ ရှိနေဦးမှာပါ။ ဒါပေမယ့်လည်း စက်တင်ဘာလ ၁၀ ရက်နေ့မှာ ကစားရမယ့် မြန်မာ နဲ့ ဂျပန်ပွဲမှာတော့ သူတို့က မြန်မာအသင်းထက် ဂျပန်အသင်းအပေါ်ကို ပိုပြီးတော့ စိတ်ဝင်စားနေမယ်ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။
အီဂျီ ကာဝါရှီမာ
ဂျပန်ဂိုးသမား အီဂျီကာဝါရှီမာ ဟာ ဂျပန်လက်ရွေးစင်အသင်းနဲ့ အတူ ကမ္ဘာ့ဖလားသုံးကြိမ်အထိ ကစားထားတဲ့ ၀ါရင့်ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဂျပန်အသင်းအတွက် ပွဲပေါင်း ၉၀ကျော် ကစားထားပြီးဖြစ်ပေမဲ့ သူရဲ့ လျှင်မြန်တိကျမှု၊ ပြိုင်ဘက်ရှေ့တန်းတွေကို အခက်တွေ့စေမှု၊ အသင်းဖော်တွေအပေါ် သြဇာလွှမ်းမိုးမှု ကြောင့် လက်ရှိအချိန်အထိ အားထားနေရတဲ့ ဂိုးသမား တစ်ဦးဖြစ်ပါတယ်။အသက် ၃၆ နှစ်အရွယ်၊ အရပ်၆ပေ ၁လက်မ ရှိတဲ့ အီဂျီ ကာဝါရှီမာ ဟာ ဂျပန်ကလပ်၊ဘယ်လ်ဂျီယံကလပ်၊ ပြင်သစ် ကလပ်အသင်းတွေမှာ ကစားခဲ့သူဖြစ်လို့ နိုင်ငံတကာအတွေ့ အကြုံ့ ရင့်ဂိုးသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ပြင်သစ်ကလပ် RC Strasbourg Alsace မှာ ကစားနေသူဖြစ်ပါတယ်။
မာယာ ယိုရှီဒါ
ဂျပန်အသင်းခေါင်းဆောင်ဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းမှာ ကစားနေသူလည်းဖြစ်ပါတယ်။ကစားသမားဘ၀ကို ဂျေလိဂ်ကလပ် Nagoya Grampus မှာစတင်ခဲ့ပြီး ၂၀၁၀မှာ နယ်သာလန်ကလပ် VVV -Venloကိုရောက်ရှိခဲ့ပါတယ်။ ယင်းနောက် ၂၀၁၂ မှာ ဆောက်သမ်တန်အသင်းကို ရောက်ရှိလာပြီး လက်ရှိအချိန်မှာ ၁၄၆ပွဲ
ပါဝင်ကစားပေးထားပါတယ်။ ဂျပန်လက်ရွေးစင်အသင်းကြီးမှာ ၂၀၁၀ကတည်းက ပါဝင်ကစားခဲ့ပြီး ၉၅ပွဲကစားထားရာမှာ ၁၀ ဂိုး သွင်းယူပေးထားပါတယ်။
ယူတို နာဂါတိုမို
ဂျပန်အသင်းမှာ ၂၀၀၈ ကတည်းကပါဝင်ကစားခဲ့တဲ့ ၀ါရင့်နောက်ခံလူဖြစ်ပါတယ်။ စီးရီးအေကလပ် အင်တာမီလန်အသင်းမှာ ၂၀၁၁ မှ ၂၀၁၈ အထိပါဝင်ကစားခဲ့ပြီး လက်ရှိအချိန်မှာတော့ တူရကီကလပ် ဂါလာတာစာရေးအသင်းမှာပါဝင်ကစားနေပါတယ်။ ဂျပန်အသင်းနဲ့အတူ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ ကမ္ဘာ့ဖလားတွေမှာပါဝင်ကစားခဲ့ပြီး ၂၀၁၇ နိုဝင်ဘာ
ဘရာဇီးအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ဂျပန်လက်ရွေးစင်အသင်းနဲ့ ပွဲ ၁၀၀ ပြည့်ခဲ့ပါတယ်။ ၂၀၁၉ မတ်လမှာ ဂျပန်လက်ရွေးစင်အသင်းကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပေမယ့် လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ပာာရာဂူချီ
ကွင်းလယ်တောင်ပံရော တိုက်စစ်မှာပါ ကစားနိုင်သူဖြစ်ပြီး လက်ရှိအချိန်မှာ ဘွန်ဒက်စ်လီဂါကလပ် ပာန်နိုဗာအသင်းမှာ ကစားနေပါတယ်။ သက်တမ်းလိုက် ဂျပန်လက်ရွေးစင်အသင်းတွေမှာ ပါဝင်ကစားခဲ့ပြီး ၂၀၁၁ မှာ လက်ရွေးစင်အသင်းကြီးနဲ့အတူပါဝင်ခွင့်ရခဲ့ပါတယ်။ အူရာရက်ဒ်ဒိုင်းမွန်း၊ ပာာသာဘာလင်၊ဒက်ဆယ်ဒေါ့ဖ် အသင်းတွေမှာ ပါဝင်
ကစားပြီးနောက် ၂၀၁၈ မှာ ပာန်နိုဗာကို ရောက်ရှိလာတာပါ။ ဂျပန်လက်ရွေးစင်အသင်းကြီးအတွက် ၄၆ ပွဲ ပါဝင်ကစားရာမှာ ၁၀ ဂိုး သွင်းယူပေးထာားပါတယ်။
အိုဆာကို
ဂျပန်အသင်းအတွက် အားထားရတဲ့ တိုက်စစ်မှူးဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ပါရာဂွေးကို အနိုင်ရတဲ့ ခြေစမ်းပွဲမှာ အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ကာရှီမာအန်တလာ၊ ၁၈၆၀ မြူးနစ်၊ ကိုလုံးအသင်းတွေမှာ ပါဝင်ကစားပြီးနောက်၂၀၁၈ မှာ ၀ါဒါဘရီမင်ကို ရောက်ရှိလာတာပါ။၂၀၁၈ ကမ္ဘာ့ဖလား ကိုလံဘီယာကို ၂– ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဂျပန်
အသင်းအတွက် တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ၂၀၁၉ အာရှဖလားပြိုင်ပွဲမှာ ဂျပန်အသင်း ဗိုလ်လုပွဲတက်ခဲ့ရာမှာ အရေးပါတဲ့ သွင်းဂိုး ၄ ဂိုးသွင်းယူခဲ့ပါတယ်။
တာကူမီ မီနာမီနို
သြစတြီးယားကလပ် ရက်ဒ်ဘူးဆဲလ်ဘတ်အသင်းမှာ ပါဝင်ကစားနေသူဖြစ်ပြီး အနာဂတ် ဂျပန်လက်ရွေးစင်အသင်းကြီးအတွက် အားထားရမယ့်သူအဖြစ်သတ်မှတ်ခံထားရပါတယ်။ ကစားဘ၀ကို စီရီဇို အိုဆာကာအသင်းမှာ စတင်ခဲ့ပြီး နာမည်ကျော်ကစားသမား မန်ယူတိုက်စစ်မှူးပောာင်း ဒီယေဂို ဖော်လန်နဲ့ တွဲဖက်ကစားခွင့်ရခဲ့ပါတယ်။ ၂၀၁၁ ယူ ၁၇ ကမ္ဘာ့ဖလားမှာ ဂျပန်အသင်းနဲ့အတူ ပါဝင်ကစားခဲ့ပြီး ၂၀၁၆ အိုလံပစ်ပြိုင်ပွဲမှာလည်း ဂျပန် ယူ ၂၃အသင်းနဲ့အတူ ပါဝင်ခွင့်ရခဲ့ပါတယ်။ဂျပန်လက်ရွေးစင်အသင်းအတွက် ၁၈ ပွဲပါဝင်ကစားထားရာမှာ ၆ ဂိုးသွင်းယူပေးထားပါတယ်။
ဝါတာရူအန်ဒို
ဘွန်ဒက်စ်လီဂါကလပ် စတုဂတ်အသင်းမှာ ပါဝင်ကစားနေသူဖြစ်ပါတယ်။ ဂျပန်ကလပ်တွေဖြစ်တဲ့ ရိုနန်ဘယ်မာရီ၊ အူရာရက်ဒ် ဒိုင်းမွန်းအသင်းတွေမှာ ပါဝင်ကစားပြီးနောက် ဘယ်လ်ဂျီယံကလပ် Sin – Truiden အသင်းကို ရောက်ရှိသွားပြီးထိုမှတစ်ဆင့် စတုဂတ်အသင်းကို အဌားဖြင့် ရောက်လာခဲ့တာပါ။၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျပန်အသင်းမှာ ရွေးချယ်ခံရပေမယ့် တစ်ပွဲမှ ပါဝင်ကစားခွင့်မရပါဘူး။ ၂၀၁၆ AFC ယူ ၂၃ ပြိုင်ပွဲမှာ ဂျပန်အသင်းနဲ့အတူ ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။
ဟီရိုကီ ဆာကီ
ပြင်သစ်ကလပ် မာဆေးအသင်းရဲ့ အဓိက နောက်ခံကစားသမားတစ်ဦးဖြစ်ပါတယ်။ အသက် ၂၉နှစ်အရွယ် ဆာကီ ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို ဂျပန်ကလပ် Kashiwa Reysol အသင်းနဲ့ အတူ စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ် တွင် ဂျာမန်ကလပ် ဟန်နိုဗာအသင်းရဲ့ကမ်းလှမ်းမှုကို ရရှိခဲ့ပြီး ဥရောပ စာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၂၀၁၆ခုနှစ်မှာတော့ ပြင်သစ်ကလပ် မာဆေးကို ပြောင်းရွေ့ ခဲ့ပြီး လက်ရှိအချိန်အထိ အဓိက ကစားသမားတစ်ဦးအဖြစ် ကစားနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈/၂၀၁၉ ဘောလုံး ရာသီမှာ မာဆေးအသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး မာဆေးအသင်းသားတွေ ရွေးချယ်တဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။
တာကီဖူဆာ ကူဘို
ဂျပန်လက်ရွေးစင်အသင်းနဲ့ ဂျပန်ဘောလုံးလောက ကို ပြောင်းလဲပေးနိုင်မယ့် ကစားသမားအဖြစ် မီဒီယာတွေရဲ့ ချီးမွှမ်းမှုကို ခံယူရသူဖြစ်ပါတယ်။ အသက် ၁၈နှစ်သာ ရှိသေးပြီး ၎င်း၏ ထူးခြားတဲ့ ဘောလုံးစွမ်းရည်တွေကြောင့် ဂျပန်မက်ဆီအဖြစ် သတ်မှတ် ခံရသူဖြစ်ပါတယ်။၂၀၁၉ခုနှစ် ဇွန်လမှာ စပိန်အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ငါးနှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပြီး လက်ရှိ မာယော့ကာ အသင်းမှာ အဌား သွားရောက်ကစား နေသူဖြစ်ပါတယ်။ ဂျပန်လူငယ်သက်တမ်းလိုက် အသင်းတွေကနေ တဆင့် လက်ရွေးစင်ဖြစ်လာခဲ့သူဖြစ်ပြီး လက်ရှိ ဂျပန်လက်ရွေးစင်အသင်းနဲ့ အတူ ငါးပွဲ ကစားထားပြီးဖြစ်ပါတယ်။
ရစ်ဆု ဒိုရန်
၂၁နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား ဒိုရန် ဟာ ဂျပန်လက်ရွေးစင် အသင်းနဲ့အတူ ၁၁ ပွဲကစားထားပြီး ၃ဂိုး သွင်းယူပေးထားပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက ဟော်လန်ကလပ်တွေမှာ ကစားလာခဲ့သူဖြစ်ပြီး လက်ရှိမှာ ဟော်လန်ကလပ် PSV အသင်းရဲ့ကစားသမား တစ်ဦးဖြစ်ပါတယ်။၂၀၁၆ခုနှစ် အာရှချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဂျပန်ယူ–၂၃ အသင်းနဲ့ အတူ အကောင်းဆုံးခြေစွ မ်းပြကစားနိုင်ခဲ့ပြီး ကမ္ဘာ့ဘောလုံးလောက က သတိထားမိလာခဲ့တဲ့ ကွင်းလယ်ကစားသမား တစ်ဦးဖြစ်ပါတယ်။
ရှိုယာ နာကာဂျီမာ
အသက် ၂၅နှစ်အရွယ် နာကာဂျီမာ ဟာ တောင်ပံကစားသမား တစ်ဦးဖြစ်သလို နောက်ချန်တိုက်စစ်မှူးအဖြစ်လည်း ကစားနိုင်သူ ဖြစ်တယ်။ပြီးခဲ့တဲ့ ဇူလိုင်လတွင် ကာတာကလပ် Al Duhail SC အသင်းကနေ ပေါ်တူဂီကလပ် ပေါ်တိုအသင်းကို ပြောင်းရွေ့ကြေး ယူရို ၁၂ သန်း နဲ့ ပြောင်းရွေ့လာခဲ့သူဖြစ်ပါတယ်။ ဂျပန်လက်ရွေးစင်အဖြစ် ၂၀၁၈ခုနှစ်မှ စတင်ရွေးချယ်ခံခဲ့ရပြီး ၁၂ ပွဲ ကစားထားကာ ၄ ဂိုးသွင်းယူပေးထားပါတယ်။
LIVE LINK HERE
LIVE LINK HERE